Friday, August 21, 2009

နိုးကာဗာအိုက်(စ်)ခရင် တေးသံရှင် မေသော်က နှင့် အင်တာဗျူး

မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်းကိုတွေ့ရတာ မင်္ဂလာပါနော်၊၊
ဗစ္စတာရင်း ၊၊ ၊၊ မင်္ဂလာပါ၊၊
မေသော်က ၊၊ ၊၊ ညီမ သိချင်တာလေးတွေ ဆရာ့ကို မေးလို့ရမလားရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ရတယ်ရှင့်၊၊ အင်းမှားသွားလို့၊ ရတယ်ဗျ၊၊ ဒီမှာက မမေးခင်ကတည်းကပင်၊
ဖြေချင်နေတာ၊ ခေါင်းပေါ်ကို ကြမ်းပိုးတတ်သလိုပဲ၊၊
မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်း ရဲ့ အသက်လေး သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်အသက်လား၊ အသက် “ဟောလိဝုဒ်” မှာရုပ်ရှင်သွားရိုက်နေတယ်လေ၊၊
မေသော်က ၊၊ ၊၊ အဲဒီ အသက်မဟုတ်ဘူး၊ D.O.B ကိုပြောတာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ D.O.Bတော့မေ့သွားပြီ၊BOB ပဲသိတယ်၊၊


မေသော်က ၊၊ ၊၊ အင်းအဲဒါဆိုရင် ဆရာ က ဘယ်တုန်းက၊ဘယ်မှာမွေးတာလဲ၊၊
ဗစ္စတာရင်း ၊၊ ၊၊ ဒို့ကို မိုးရွာတဲ့နှစ်မှာမွေးတာ၊၊
မေသော်က ၊၊ ၊၊ မိုးကနှစ်တိုင်းပဲရွာနေတဲ့ဥစ္စာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ အဲဒါတော့ ဘယ်သိမလဲ၊ကိုယ်သိသလောက်ပြောပြတာကို အရေးထဲ
သူကစိတ်ဆိုးနေပြီ၊၊
မေသော်က ၊၊ ၊၊ မွေးချင်းဘယ်နှစ်ယောက်ရှိလဲရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော် လူကိုလာပြီး မှိုချိုး၊ မျှစ်ချိုး၊အညွှန့်ချိုးပြီးလာပြောမနေနဲ့၊
ခြင်းနဲ့မွေးတာမဟုတ်ဘူး၊ဆေးရုံမှာမွေးတာကွ၊၊
မေသော်က ၊၊ ၊၊ အရေးထဲဘာလာ ဂေါက်နေလဲမသိဘူး၊၊

မေသော်က ၊၊ ၊၊ ဆရာ ဘလော့ဂ်ထဲကိုဘယ်အချိန်လောက်ကစပြီး ဝင်ရေးခဲ့သလဲဆိုတာ
သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ အင်း ကိုယ်ဘလော့ဂ် စရေးတဲ့အချိန်ကိုပြောရရင်နည်းနည်းတော့အပိုစာသား
တွေပါမယ်၊၊
သည်းခံပြီးနားထောင်၊၊
ကိုယ့်ကိုသူများတွေကပြောတာပေါ့နော်၊၊
“ဘလော့ဂ်လေးဘာလေးမရေးဘူးလားတဲ့၊၊
အခုဘလော့ဂ်ရေးတာအရမ်းခေတ်စားနေတယ်တဲ့”
အဲဒါဆိုတော့ကိုယ်ကပြန်မေးလိုက်တယ်၊၊
ဘယ်လိုရေးရမလဲမေးတော့ သူက
“မသိဘူးတဲ့”
အရေးထဲ အနူကိုလက်စွပ်ဝယ်ဝတ်ခိုင်းနေသလိုဖြစ်နေပြီ၊၊
အဲဒါနဲ့ ကိုယ်ကအဲဒီအချိန်ကစပြီးဘလော့ဂ်ဗိုင်းရပ်စ်ပိုးကိုစရခဲ့တာ၊၊
မေသော်က ၊၊ ၊၊ အဲဒါဆိုရင် ဆရာက ဆေးရုံတို့၊ဆေးခန်းတို့သွားမပြဘူးလား၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်ဒုက္ခပဲ၊စာသံပေသံကျအောင်ထပ်တူပြုပြီးပြောနေတာဗျ၊၊
မေသော်က ၊၊ ၊၊ သွပ်ပြားကသိပါဘူး၊၊အင်းပြီးတော့…
ဗစ္စတာရင်း ၊၊ ၊၊ အဲဒီအချိန်ကစပြီး ဘလော့ဂ်ကိုဘယ်လိုအကောင့်ဖွင့်ရေးရမလဲ၊၊
တန်းပလိတ်ကိုဘယ်လိုပြင်ဆင်ရမလဲ၊၊
အဲကနေစပြီးလေ့လာတော့တာပဲ၊၊

ဗမာဘလော့ဂ်ရေးရမယ်ဆိုတော့ဗမာလိုလည်းရိုက်တတ်ရဦးမှ၊၊
ညီမ သိတဲ့အတိုင်းပဲလေ၊၊
အင်္ဂလိပ်လိုနဲ့ဗမာလိုရိုက်ရာမှာဗမာလိုကပိုခက်တယ်လေ၊၊
အဲဒါနဲ့ဗမာလိုရိုက်ဖို့အတွက်စတင်ပြင်ဆင်ရတာပဲ၊၊

အဲတုန်းကဗမာလိုရိုက်ဖို့တရက်လောက်ကြာတယ်၊၊
တရက်ဆိုတာကလည်း၂၄နာရီတရက်ကိုဆိုလိုတာမျိုးတော့မဟုတ်ဘူး၊၊
အလုပ်ကပြန်လာပြီးငါးလေးဘာလေးသောက်ပြီး၎-၅-၆နာရီလောက်
အမြီးမြှောက်လိုက်၊အီးပေါက်လိုက်နဲ့မြေစမ်းခရမ်းပျိုးပြီးမှုန်ဝါးဝါးနဲ့ရေး
လိုက်တာ၊အိပ်လည်းအိပ်ချင်တော့စာတမျက်နှာသာသာလောက်ရလိုက်
တဲ့တရက်အနေအထားကိုပြောတာ၊၊
အခုတော့child play,chicken chockဖြစ်သွားပြီ၊၊

(ဆက်လက်ဖေါ်ပြပါမည်၊၊)

မစ္စတာဗစ္စတာရင်း










No comments:

Post a Comment